မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မိတ်ဖက်စပွန်ဆာများ စာချုပ်ချုပ်ဆို
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ထောက်ပံ့ကူညီမှုများ ပေးအပ်မည့် စပွန်ဆာများနှင့် စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂း၀၀)နာရီ နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တက်ရောက်လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ဆိုခဲ့ပြီး စပွန်ဆာ စာချုပ် ချုပ်ဆိုခြင်းများအား အစီအစဉ်အလိုက် ကျင်းပခဲ့သည်။ စပွန်ဆာ စာချုပ်များ ချုပ်ဆိုရာတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့က မိတ်ဖက် စပွန်ဆာများ ဖြစ်သည့် Main Sponsor ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၊ Co Sponsor များဖြစ်သည့် Fresh,…






