Novotel Yangon Max မိသားစုရဲ့ မြန်မာနှစ်သစ်ကူးပရိတ်တရားနာယူခြင်း

Novotel Yangon Max မိသားစုရဲ့ မြန်မာနှစ်သစ်ကူးပရိတ်တရားနာယူခြင်းနှင့် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်၀တ္ထုပစ္စည်းအစုစုတို့ကို ရေစက်ချဆပ်ကပ်လှူဒါန်းခဲ့ပြီး၊ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း ကုသိုလ်ဒါနအစုစုကို မျှဝေပေးလိုက်ရပါသည်။ နှစ်သစ်မှအစပြု၍ ဘေးအန္တရာယ်အသွယ်သွယ်မှကင်းရှင်းကြပါစေကြောင်း Novotel Yangon Max မိသားစုမှတောင်းဆုပြုလိုက်ရပါတယ်    

ငလျင်ဒဏ်သင့် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် ဘုရားကြီး ပတ်ဝန်းကျင်နေရာများအား စက်ယာဉ်ယန္တရားများဖြင့်ရှင်းလင်း

ငလျင်ဒဏ်သင့် မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် ဘုရားကြီး ပတ်ဝန်းကျင်နေရာများ၊ မစိုးရိမ်တိုက်သစ် (၆)ထပ်ကျောင်းဆောင်၊ ဆွမ်းဦးပုညရှင်စေတီ‌တော်ကြီးနှင့် စစ်ကိုင်း ဇေယျာသီရိရုပ်ရှင်ရုံအနီး ပြိုကျခဲ့သည့် အဆောက်အဦများ၊ အပျက်အစီးများအပါအဝင် လူနေအိမ်များ၊ လမ်းများပေါ်ရှိ အပျက်အစီးများအား ရှင်းလင်းခြင်း လုပ်ငန်းများကို ဧရာဝတီဖောင်ဒေးရှင်းက စက်ယာဉ်ယန္တရားများဖြင့် နေ့စဉ် ကူညီရှင်းလင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဧရာဝတီဖောင်ဒေးရှင်းသို့ Novotel Yangon Max မိသားစု မှ သိန်း (၁၀၀) လှူဒါန်း

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဝ်ိုင်းဝန်းကူညီပေးလျက်ရှိသော ဧရာဝတီဖောင်ဒေးရှင်းသို့ Novotel Yangon Max မိသားစု မှ ကျပ်ငွေ သိန်း (၁၀၀) ကို စေတနာထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။ ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

နီပေါဖိတ်ခေါ်ဖလား ချန်ပီယံ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ အိမ်ပြန်ခရီး

Homecoming နီပေါဖိတ်ခေါ်ဖလား ချန်ပီယံ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ အိမ်ပြန်ခရီး https://www.maxhotelsgroup.com/wp-content/uploads/2025/04/homecoming_com.mp4

Novotel Yangon Max warmly welcomed students and members of the Myanmar Down Syndrome Association for a refreshing water therapy session

🤗 Sharing is Caring 🤗 Every moment is the right moment to create joy! As part of monthly activities, Novotel Yangon Max warmly welcomed students and members of the Myanmar Down Syndrome Association for a refreshing water therapy session at our swimming pool. Enjoyed the refreshment served by our loving trainee who completed service training…

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မိတ်ဖက်စပွန်ဆာများ စာချုပ်ချုပ်ဆို

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ထောက်ပံ့ကူညီမှုများ ပေးအပ်မည့် စပွန်ဆာများနှင့် စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂း၀၀)နာရီ နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တက်ရောက်လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ဆိုခဲ့ပြီး စပွန်ဆာ စာချုပ် ချုပ်ဆိုခြင်းများအား အစီအစဉ်အလိုက် ကျင်းပခဲ့သည်။ စပွန်ဆာ စာချုပ်များ ချုပ်ဆိုရာတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့က မိတ်ဖက် စပွန်ဆာများ ဖြစ်သည့် Main Sponsor ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၊ Co Sponsor များဖြစ်သည့် Fresh,…

Happy International Housekeeping Week

We’re celebrating the incredible team behind the scenes who ensure our guests experience the highest standards of cleanliness and comfort! 🧹🛏️✨ A day filled with fun and games. Our talented housekeeping heartists came together to showcase their skills for bedmaking with impressive presentations. Thank you all for your hard work. Happy Housekeeping Week!