Max Hotels Group နှင့် Novotel Yangon Max တို့၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲကို ၂၀၂၀ခုနှစ်၊ နိုဝင်ဘာ၂၇ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းလမ်း၊ ဘုရားနှစ်ဆူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဆရာတော်မှ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆက်နွယ်သော တရားတော်များကို ဟောကြားခဲ့ပြီးနောက် ကထိန်သင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ ထို့နောက် သံဃာတော်
များကို နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။









